Famous Leaders in the 20th Century

Sunday, March 1, 2009

မြေငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အဦး

Type your summary hereဒီနေ့ ကျနော်တို့ ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ဂျပန်စာသင်တန်းကျောင်းမှ သင်ကြားပေးလိုက်တဲ့ မြေငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အဦး အကြောင်ကို ကျနော် စသောင်းဝင်းမှ မြန်မာဘာသာ ပြန်ဆို တင်ပြလိုက်ပါတယ်ခင်ဗျာ၊

Type rest of the post here ဂျပန်နိုင်ငံသည် ငလျင်အလှုပ်များသော နိုင်ငံတနိုင်ငံဖြစ်သည့်အတွက် အဆောက်အဦးကိုတည်ဆောက်ရာတွင်လည်း ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် စီမံကိန်းချ၍ တည်ဆောက်ကြရပါသည်၊ နည်းပညာပိုင်းတိုးတက်လာသည်နှင့်အမျှ ယခုနောက်ပိုင်း တည်ဆောက်မှုများလာသော နမှုနာတခုကို တင်ပြမှာဖြစ်ပါမယ်၊ ၂၀၀၀ ခုနှစ် တိုကျိုမြို့ မှာတည်ဆောက်ခဲ့တဲ့ ၂၈ ထပ်ရှိသော လူနေတိုက်ကြီးအကြောင်းဘဲဖြစ်ပါတယ် ထိုအဆောက်အဦးကြီးရဲ့  မြေကြီးအောက်ထပ်ကိုဆင်းကြည့်ခဲ့ရာ အချင်း၁.၅ မီတာရှိတဲ့ အမဲရောင်တိုင်လုံးကြီးများများစွာဖြင့် အဆောက်အဦးကြီးကို အောက်ခြေမှ ထောက်ပင့်ထားပါတယ် အဲ့ဒီတိုင်ကြီးတွေဟာ အလွန်းမာသော ရော်ဘာတုံးကြီးများဖြစ်ကြပါတယ် ငလျင်လှုပ်သောအခါ အဲဒီရော်ဘာတုံးကြီးများက ကူရှင် သဘောမျိုးဖြစ်ပြီး အဆောက်အဦးပျက်စီးမှုနှင့် ရိမ်းထိုးမှုတို့ ကိုလျှော့ပါစေပါတယ် စကားချပ်- ကျနော် တိုကျိုမြို့  ရှင်ဂျုကု မှာ ၁၂ထပ်မြင့်တဲ့အဆောက်အဦးမှာအလုပ်လုပ်နေစဉ်ငလျင်ပြင်းအားအဆင့် ၃ လောက်ရှိတဲ့ ငလျင်လှုပ်ဖူပါတယ် ဘာနဲ့ တူသလဲဆိုတော့ သင်္ဘောကြီးလှိုင်းစီးနေသလိုပါဘဲဗျာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးဆိုတာသိထားတော့သိပ်ဘယ်ကြောက်မလဲ ကိုယ်အိမ်မှာရှိနေစဉ် ငလျင်လှုပ်ရင်တော့တော်တော့ကိုကြောက်တာ တခါတုံးက ည၁၂နာရီလောက်ကြီးအိမ်မှာရှိနေတုံး ငလျင်ပြင်းအားအဆင့် ၄ လောက်ရှိတဲ့ ငလျင်လူပ်လိုက်တာ ငလျင်ဗဟိုချက်(ပြင်းအား၅)နဲ့ လည်းနီးတော့ တအိမ်လုံးတံခါးတွေမှန်တွေဆိုတာ တဂျိမ်းဂျိမ်းနဲ့ ဆူညံနေတော့တယ် နေတော့လဲ ၆ထပ်တိုက်အပေါဆုံးထပ်ဆိုတော့ တိုက်ကြီးဘယ်တော့တုံးလုံးလဲမလဲဆိုတာတောတော့ကိုကြောက်သွားတယ် ဘာနဲ့ တူသလဲဆိုတော့ ဂေါ်ဆီလာကြီးတကောင်က အိမ်ကို ကိုင်လှုပ်နေသလိုပါဘဲဗျာ အဲဒါနဲ့ ဘဲ ဂရောင်ဂတမ်းနဲ့ ကမ္ဘာမြေကြီးကိုဆုတောင်းမိတယ် မြေကြီးရယ် ငါတို့ က ဒီမြေကြီးကိုဘဲအာကိုယ်းပြီးနေရတာမင်းကဒီလိုလှုပ်နေတော့ ငါတို့ ကဘယ်လိုနေရမှာလဲလို့ စိတ်ထဲ ကနေဆုတောင်နေမိတယ်။ ဒီမှာကတခုကောင်းတာက ငလျင်လှုပ်လို့ တောင်မှမပြီးသေးဘူး TV ချန်နယ် ၁ မှာငလျင်ဗဟိုချက်နဲ့ ပြင်းအား ပြနေပြီး နောက်မှဘယ်နေရာမှာပြင်းအားဘယ်လောက်ဆိုတာဆက်တိုက်ပြတော့တာဘဲ၊ ထူးခြားတာတခုက အဆောက်အဦးတွေရဲ့ မြေအောက်ထပ်တွေဆိုရင် ငလျင်ပြင်းအား ၃ လောက်ဆိုရင်သိတောင်မသိဘူး နဲနဲလေးဘဲလှုပ်တယ် ဘာဖြစ်လို့ လဲမသိဘူး အာနဲနဲများသွားပြီး စာဆက်ရေးလိုက်အုံးမယ်၊

Saturday, January 31, 2009

အချိန် ဆင်းရဲသူများအတွက်
၂၁ ရာစုနှစ် အရှိန်အဟုန်ဖြင့်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးမှာ နည်းပညာဖွံ့ ဖြိုးတိုးတက်လာ သည်နှင့်အမျှ လေ့လာစရာတွေလည်းပိုပြီး များပြားလာပါတယ် စားချိန် သောက်ချိန် အလုပ်ချိန်
အိပ်ချိန် သွားချိန် လာချိန် သတင်း မီဒီယာ အင်တာနက် စသည့် အခြား အခြားသော လေ့လာစရာများ အတွက် အချိန်များစွာ လိုလာပါတယ်၊တနည်းပြောရရင် အချိန် မလောက်မှု နဲ့ရင်ဆိုင်လာကြရပါတယ် ဒါကြောင့် အချိန်ကို ဘယ်လိုပိုထွက်လာအောင်လုပ်ရမလဲ ဘယ်လိုအကျိုးရှိအောင် သုံးရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်ဘာသာနဲ့ ရေးထားတဲ့ `ရိုးသားကြိုးစားတဲ့ သင်တို့ အတွက်` လို့ အမည်ရတဲ့ စာပိုက်ကလေးတခုကိုဖေါ်ပြပါမယ် 和田誘起 ကရေးသားပြီး ကျနော် စသောင်းဝင်းမှ မြန်မာဘာသာပြန်ဆို ဖေါ်ပြလိုက်ပါတယ်၊

ဒီစာပိုက်ကိုမရေးခင်မှာ အချိန်ဆိုတာ ပြုလုပ်ယူလို့် မရပါဘူး သူ့ အလိုလိုသွားနေတာပါ ပုံမှန် တရက်ကို ၂၄ နာရီဆိုတာကိုလည်း ပြောင်လဲ လို့  မရပါဘူး၊ အိပ်ချိန်ကို လျှော့ချလိုက်ရင်အချိန် ပိုထွက်လာလိမ့်မယ်လို့  ပြောတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ် အရေးကြီးလှတဲ့ အိပ်ချိန်ဟာ တယောက်နဲ့ တယောက် ကွဲပြားနိုင်ပေမဲ့ အိပ်ချိန် သိပ်လျှော့လိုက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ် စိတ်ပျော်ရွှင်မှုအတွက် အိပ်ချိန်ကို လျှော့ချလိုက်တာ ရှိကြပေမဲ့ စာလေ့လာဖို့ အတွက် အိပ်ချိန်ကို လျှောချပြစ်ကြတာ တော်တော်လေး မဖြစ်နိုင်ကြပါဘူး
ကဲ ဒါဆိုရင် ဘယ်လိုလုပ်ရင် အချိန်ပိုထွက်လာမလဲ ဆိုတာကို ရေဘူရအားဖြင့် ၂ မျိုးရှိပါတယ် ပထမ တမျိုးက မိမိအတွက်အကျိုးမရှိတဲ့အချိန်တွေကို လျှော့ချခြင်းပါဘဲ ၊ ဥပမာ စာမေးပွဲဖြေဆိုရန်အတွက် စာကြည့်ချိန် လိုအပ်ပါက ၄င်းနှင့်မပတ်သက်တဲ့ အလုပ်၊ အချိန်တို့  ကို လျှော့ချခြင်းပါဘဲ၊ အဲဒီလို ပြောလိုက်လို့ စားချိန်တို့  အိပ်ချိန်တို့  ကိုလျှော့ချဖို့ ပြောတာ
မဟုတ်ပါဘူး ပုံမှန်မသိလိုက်ဘဲအကျိုးမရှိ ကုန်ဆုံးသွားတဲ့ အချိန်တွေကိုအကျိုးရှိအောင်သုံးဖို့ ပြောတာဖြစ်ပါတယ်၊
တစ်ရက်ကိုတစ်နာရီ တီဗီကြည့်မယ်လို့ ပြောခြင်းဟာ ခွင့်လွတ်လို့ ရပေမဲ့ ဟိုဟာလည်း လုပ်ချင် ဒီဟာလည်း လုပ်ချင် အချိန်တွေကို အများကြီးယူမယ် ဆိုရင်တော့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုမှမလုပ်လို့ မရတဲ့အလုပ် မယူလို့ မရတဲ့ အချိန် စတဲ့ နှစ်ခု သုံးခု လောက်ကိုဘဲ ချုံ့ ပြီးကျန်တာတွေကို မရပ်ပြစ်လို့ မရပါဘူး၊
နောက်အချိန်ကို တိုးလာအောင် ဒုတိယနည်းကတော့ရတဲ့အချိန်အတွင်းအရည် အသွေးကို
မြင့်တင်ဖို့ ပါဘဲ (ဥပမာ) တစ်နာရီကို စာ ငါးမျက်နှာလေ့လာကျက်မှတ်တာကို ၁၀ မျက်နှာတိုးပြီး ကျက်မှတ်တာပါဘဲ၊ တနည်းပြောရရင် တူညီတဲ့ အချိန်အတွင်း ရလဒ်ကို ပိုများလာအောင် လုပ်တာပါဘဲ၊တချို့သောသူများဟာစာသိပ်မကျက်ဘဲစာတော်နေတဲ့လူမျိုးတွေကိုတွေဖူးပါလိမ့်မယ် အဲဒီလူတွေဟာ စာကိုအချိန်အများကြီး ယူပြီး လေ့လာ ကျက်မှတ်သူတွေထက် အဆများစွာသောအမြန်နှုံးနဲ့ အာရုံစိုက်ထုတ်သူတွေသာဖြစ်ပါတယ် အဲသည်မှာ ရှင်းရှင်းကြီးပေါ်လာတာကတော့ အချိန်တိုအတွင်းမှာ အရည်အသွေးမြင့် အကျိုးရှိအောင် အသုံးချတာပါဘဲ၊ တီဗီကို အချိန်တစ်နာရီကြည့်မယ်၊ ရီးစားနဲ့ စကားပြောမယ်၊ ကစားမယ် သီချင်းနားထောင်မယ် စသည်ဖြင့် ဘာကိုဘဲလုပ်လုပ် ကျန်ရှိတဲ့အချိန် ၂ နာရီ ၃ နာရီ အတွင်းမှာ အရည်အသွေးမြင့်အသုံးချမယ်ဆိုရင် အကျိုးမရှိတာတွေလုပ်တယ်လို့ ပြောလို့ မရတော့ဘဲ အမြတ်ထွက်တယ်လို့ ပင်ပြောလို့ ရပါတယ်၊
အချိန်ကို အရည်အသွေးမြင့် အကျိုးရှိအောင်အသုံးပြုခြင်းကို မိမိကိုယ်တိုင် ဟိုနည်း ဒီနည်း စသည်ဖြင့်စမ်းသပ်ရင်းနဲ့ ဒီလို လုပ်ရင်ဖြင့် စွမ်းရည်ပိုတက်လာတယ် ဟိုလိုလုပ်ရင်ဖြင့် အလဟသအချိန်ဖြုံးတာ စသည်တို့ ကို သိရှိလာဖို့ အရေးကြီးပါတယ် မိမိကိုယ်တိုင်စမ်းသပ်ရင်း
နဲ့ ဘဲ အကျိုးမရှိတာနဲ့  စွမ်းရည်မြင့် အကျိုးရှိတာတို့ ကို ပိုင်းခြား ဆုံးဖြတ်နိုင်လာပြီးဆိုရင် သင့်အတွက်အချိန် ပိုထွက်လာပါလိမ့်မယ်၊ တကြိမ် ဤစွမ်းရည်ကို သင်ပိုင်ဆိုင်ထားမိပြီးဆိုပါက
ဤဘ၀တသက်လုံး အချိန်ကို ကောင်းမွန်အကျိုးရှိစွာ အသုံးပြုနိုင်သူတစ်ဦးဖြစ်လာမှာ မလွဲပါဘူး ခင်ဗျာ။

မြန်မာဆိုင်း

တော်လိုက်တဲ့ခလေးတွေ(ကြော်ငြာ)

ဆန္ဒပြတယ်ဆိုတာဒီလိုပြရတယ်ဗျ

ရဟန္တာ တပါး ကောင်းကင်က ကြွသွားတာလို့  ယူဆကြ

၂၀၀၉ ဧပြီလ ၁၃ ရက် ညနေ ၃ နာရီလောက်က ရန်ကုန်မြို့  မြောက်ဒဂုံရပ်ကွက်မှာ ဖြစ်ပါတယ်

စည်းလုံးခြင်းသည်အင်အား

တီယန်မင်းအရေးအခင်း

သရဲကြီးဗျ သရဲကြီး

ဖယ်ဒရယ်ပြည်ထောင်စုနှင့် သူ၏အမြင်

ထော် ကော်သူးလေ ထော်

ကရင်အမျိုးသားချစ်စမ်းမောင်ရဲ့ ဂီတာလက်သံနားဆင်ရန်

အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု

ပါစပ်တီးလုံး တဒုံးဒုံး

ဆိုကြမယ်ပျော်ကြမယ်

I DO I DO I DO

OK နောက်တခေါက် နောက်တခေါက်

Achmed the dead Terrorist

အရှောင်အတိမ်း ဂျက်စီဂျိမ်း

ပြေးသူကပြေး လိုက်သူကလိုက်

ဇွဲကပင်စာစောင်(ဂျပန်)