Famous Leaders in the 20th Century

Saturday, March 12, 2011

2011မတ်လ11ရက်နေ့ ဂျပန်နိုင်ငံမှာလှုပ်ခတ်သွားသော ငလျှင်ကြီး


သေဘာၤနဲ့ အိမ်ရောထွေးနေ
ဒီရေတိုက်ခိုက်ခံလိုက်ရတဲ့ကားများ
ဒီရေထဲမျှောပါလာတဲ့သင်္ဘောကြီး (မိအေးကန်)
ဒီရေထဲမျှောပါသွားတဲ့  မီရထား ဒီရေကြောင့် ရွှံတွေပေနေတဲ့ တိုက်လေယဉ်
အဆောက်အဦးထဲမှကယ်ဆယ်အပြီး သူ့အမေကဘေးကင်းစွာရှိကြောင်းသိရတဲ့အတွက်မျက်ရည်ကျနေတဲ့အမျိုးသမီးfont>
မိမိအိမ်ဒီရေထဲမျှောပါသွားပြီး ဒီရေကျသွားတော့ မိမိအိမ်ထဲမှ ပစ္စည်များသယ်လာသောအမျိုးသမီး
ရုပ်သံကြည့်ရန် 2011မတ်လ11သောကြာနေ့ နေ့ လည်၂နာရီ၄၆ မိနစ်မှာ ဂျပန်မှာငလျှင်ကြီးလှုပ်သွားပါတယ် ကျနော်ကတော့ အလုပ်ထဲမှာထမင်းစားနေတဲအချိန်ပါ ပထမတော့ ငလျှင်ကဖြေးဖြေးလှုပ်ပါတယ် ငလျှင်များတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီလိုလှုပ်တာလောက်တော့မကြာခဏကြုံနေကြဆိုတော့ မိုးလေ၀သသတင်းလောက်ဘဲသဘောထားလိုက်ပါတယ် ဒါပေမဲ့ငလျှင်က တဖြေးဖြေးကြမ်းလာပြီး အရမ်းလှုပ်လာတော့ပါဘဲ ပိုပြီးကြမ်းကြမ်းလာတဲ့အတွက် အဆောက်အဦးအပြင်ကိုပြေးထွက်တော့တာဘဲ အဆောက်အဦးထဲကနေပြေးထွက်ချိန်မှာတော့ အဆောက်အဦးတခုလုံးရိမ်းထိုးပြီး ဆူုညံနေတာဘဲ ကမ္ဘာပျက်နေတဲအတိုင်းဘဲ အပြင်ရောက်တော့ အဆောက်အဦးတွေကိုကြည့်လိုက်တော့ အဆောက်အဦးတွေဟာရိမ်းထိုးနေတယ် ရပ်နေတဲ့ မြေကြီးကလဲတော်တော်ကြီးလှုပ်နေတယ် ဆောက်လက်စအဆောက်အဦးအပေါ်က ကရိမ်းကြီးဆိုရင်ရိမ်းထိုးနေတော့တာဘဲ အဲဒါနဲ့ ငလျှင်နဲနဲ ငြိမ်သွားတော့အဆောက်အဦးထဲပြန်ဝင်သွားရုံရှိသေးတယ် နောက်တခါထပ်လှုပ်တောတခါထွက်ပြေရပြန်ရော အဲဒီအချိန်မှာဘဲဖုံးတွေလုံးဝဆက်လို့ မရတော့ဘူး လိုင်းတွေအရမ်းကြပ်ပြီးဘလော့ဖြစ်သွားတယ် ရထားတွေ ရပ်သွားပြီး ကားတွေလဲလမ်းတွေပေါ်ပိတ်ပြီးနေတယ် တိုကျိုတော်တော်ကြောက်ဖို့ကောင်းတယ် လူနေထူထပ်တော့ ဆက်သွယ်ရေးတွေပြတ်သွားရင် ကယ်ဆယ်ရေးလဲနိုင်မှာမဟုတ်ဘူးလေ အဲဒီနေ့ တော့ အလုပ်မှာဘဲအိပ်လိုက်ရတယ် တချိုလဲလမ်းလျှောက်ပြန်ကြတယ် ရာသီဥတုကလဲအေးတာနဲ့ အိမ်ပြန်ရောက်လို့ ဂတ်စ်ပျက်နေရင်အအေးဒဏ်ခံရမယ် လမ်းလျှွှောက်ရင်သုံးနာရီလောက်လျှောက်ရမှာဆိုတော့ အလုပ်မှာက ပိုစိတ်ချရတယ်ဆိုပြီးအလုပ်မှာဘဲအိပ်လိုက်တယ်လေ မနက်၆နာရီခွဲမှအိပ်ရာနိုးပြီးရထားတွေလဲသွားနေပြီးဆိုတော့ အိမ်အခြေအနေပြန်လာကြည့်တယ် အခန်းထဲမှာတော့ပစ္စည်းတွေလဲကျနေတာတော်တော်များတယ် ပြန်တင်ပြီး အလုပ်ကိုပြန်သွားရပြန်ရော ငလျှင်ကတော့အမြဲလှုပ်နေတုံးဘဲ နဲနဲချင်လှုပ်နေတယ်တခါတခါကြမ်းလာတယ် အခုဒီစာကိုရေးတဲ့အချိန် ၁၃ရက်နေ့ ရောက်နေပြီးငလျှင်ကတော့လှုပ်နေဆဲဘဲ တစ်နာရီကို နှစ်ကြိမ်းလောက်ပြင်းပြင်းလှုပ်နေတယ် ဒီမှာတော့ဘယ်သူ့ မှ ကောင်းကောင်းမအိပ်နိုင်သေဘူးလေ ဒီရေတွေလဲအရမ်းတက်ဘဲ လှုပ်ပြီးတာနဲ့  ဒီရေတက်လာတဲ့အတွက် အိမ်တွေ ကားတွေမျောပါသွားတယ်လေ မြိုနှစ်မြို့ ကတော့ ၁၂ရက်နေ့ မှာ ဒီရေထဲပါသွားပြီး အဲဒီနှစ်မြို့ကတော့ငလျှင်ပြင်အားနည်းတဲ့နေရာကမြို့တွေဘဲ ပြင်းအားပျော့တယ်ဆိုပြီးပေါ့လိုက်တာလေ ငလျှင်ကြီးပြီးတော့ ငလျင်လေးတွေ လှုပ်ပြီးတက်လာတဲ့ ဒီရေဖြစ်တဲ့အတွက် ပေါ့လိုက်တာပါတယ် အဲဒီမှာတော့လူအသေအပြောက်များတယ် အခုစာရေးနေတဲအချိန်မှာဘဲလှုပ်နေပြန်ပြီးလေ တစ်လလောက်အထိလှုပ်မယ်လို့ ပြောတယ် ဒီကြားထဲမှာ ကြီးတဲ့ငလျှင်ကြီးလဲလှုပ်နိုင်တယ်ပြောတယ် သတိနဲ့ တော့နေနေတာဘဲလေ Type your summary hereType rest of the post here

မြန်မာဆိုင်း

တော်လိုက်တဲ့ခလေးတွေ(ကြော်ငြာ)

ဆန္ဒပြတယ်ဆိုတာဒီလိုပြရတယ်ဗျ

ရဟန္တာ တပါး ကောင်းကင်က ကြွသွားတာလို့  ယူဆကြ

၂၀၀၉ ဧပြီလ ၁၃ ရက် ညနေ ၃ နာရီလောက်က ရန်ကုန်မြို့  မြောက်ဒဂုံရပ်ကွက်မှာ ဖြစ်ပါတယ်

စည်းလုံးခြင်းသည်အင်အား

တီယန်မင်းအရေးအခင်း

သရဲကြီးဗျ သရဲကြီး

ဖယ်ဒရယ်ပြည်ထောင်စုနှင့် သူ၏အမြင်

ထော် ကော်သူးလေ ထော်

ကရင်အမျိုးသားချစ်စမ်းမောင်ရဲ့ ဂီတာလက်သံနားဆင်ရန်

အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု

ပါစပ်တီးလုံး တဒုံးဒုံး

ဆိုကြမယ်ပျော်ကြမယ်

I DO I DO I DO

OK နောက်တခေါက် နောက်တခေါက်

Achmed the dead Terrorist

အရှောင်အတိမ်း ဂျက်စီဂျိမ်း

ပြေးသူကပြေး လိုက်သူကလိုက်

ဇွဲကပင်စာစောင်(ဂျပန်)